Saturday, May 26, 2012

.

အလွမ်းတွေရဲ့အောက်မှာ
တစ်မိုးသောက်ခဲ့ပြန်ပြီ ကောင်မလေးရေ..

မျက်ရည်ဝိုင်တစ်ခွက်နဲ့အတူ
ဒဏ်ရာပါးပါးပေါ်မှာ
ဝေဒနာခါးခါးသုတ်ထားတဲ့ပေါင်မုန့်ကို
နံနက်စာအဖြစ်စားရင်း
ဒီနေ့လည်း အလွမ်းသီချင်းတွေကြားရဦးမယ်..

မင်းပစ်သွားတဲ့ နေ့ရက်တွေမှာ
ငါ့ကဗျာတွေ အရသာမဲ့နေတယ်..
လက်ကျန်မရှိတော့တဲ့ ပျော်ရွှင်ခြင်းတွေနဲ့
ပူပြင်းတဲ့နေရောင်အောက်
ပန်းခြောက်တွေကောက်ရင်း
နွေနံနက်ခင်းတွေ တည်ဆောက်နေပါတယ်....

အလွမ်းဆိုတဲ့ အရသာ မသိအောင်
နှလုံးသားကိုဖောက်ထုတ်ချင်ပေမယ့်
မင်းပေးခဲ့တဲ့ဒဏ်ရာလေးကို အားနာနေမိတယ်..


ခံစားချက် ပိုင်ရှင်   -   မီးနဂါး

အလွမ်းတွေရဲ့အောက်မှာ
တစ်မိုးသောက်ခဲ့ပြန်ပြီ ကောင်မလေးရေ..

မျက်ရည်ဝိုင်တစ်ခွက်နဲ့အတူ
ဒဏ်ရာပါးပါးပေါ်မှာ
ဝေဒနာခါးခါးသုတ်ထားတဲ့ပေါင်မုန့်ကို
နံနက်စာအဖြစ်စားရင်း
ဒီနေ့လည်း အလွမ်းသီချင်းတွေကြားရဦးမယ်..

မင်းပစ်သွားတဲ့ နေ့ရက်တွေမှာ
ငါ့ကဗျာတွေ အရသာမဲ့နေတယ်..
လက်ကျန်မရှိတော့တဲ့ ပျော်ရွှင်ခြင်းတွေနဲ့
ပူပြင်းတဲ့နေရောင်အောက်
ပန်းခြောက်တွေကောက်ရင်း
နွေနံနက်ခင်းတွေ တည်ဆောက်နေပါတယ်....

အလွမ်းဆိုတဲ့ အရသာ မသိအောင်
နှလုံးသားကိုဖောက်ထုတ်ချင်ပေမယ့်
မင်းပေးခဲ့တဲ့ဒဏ်ရာလေးကို အားနာနေမိတယ်..


ခံစားချက် ပိုင်ရှင်   -   မီးနဂါး

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။