Saturday, May 26, 2012

.


အရင်တုန်းကလည်း တစ်ယောက်ထဲပါပဲ
အခုလဲ နှစ်ယောက်မဟုတ်ပါဘူး

အချစ်တွေ မသိ
အလွမ်းတွေ မရှိသေးခင်မှာ
ငါ့ရင်ခွင် ကို ခိုဝင်လာတဲ့မင်း..
အဲဒီအချိန်တုန်းကတော့ ငါ့ရဲ့နံနက်ခင်းတွေမှာ
အလင်းတွေဖြာနေတယ်..

ချစ်တတ်အောင်သင်ပေးခဲ့တဲ့သူ
ဆရာတစ်ဆူအဖြစ် ငါ ဦးညွှတ်ပါရဲ့
နှလုံးသွေးစီးသံသဲ့သဲ့နဲ့အတူ
ကာရန်တူတဲ့ကဗျာတွေ စပ်
အချစ်အကြောင်းတွေ အပ်ကြောင်းထပ်နေခဲ့ပေါ့....

အခုတော့
ရွှေဟင်္သာလား ကိန္နရီမောင်နှံလား ခပ်ဝါးဝါးပါပဲ
ပန်းကြဲတဲ့လက်အစုံနောက်မှာ
သောကမြူမှုန်တွေပါမှန်းသိလိုက်ချိန်
ငါ့အိပ်မက်တွေ တကယ်မဟုတ်ကြောင်း
နှလုံးသားက ခေါင်းခါနေတယ်..

အချစ်ကို ဈေးတွက် တွက်ခဲ့ပြီး
မကိုက်လို့ စွန့်ခွာခဲ့သူကို
အလံဖြူ ငါမပြဘူး
လူရွေးတာမှား ခဲ့ပြီမို့
သွားချင်ရာသွားနိုင်ပါတယ်
အမိန့်ပေးခြင်းမဟုတ်ခဲ့
အချစ်ရူးတစ်ယောက်ရဲ့ဘ၀နဲ့
သခင့်အနား ဒူးထောက်ပြမယ့်သူတစ်ယောက်
ခေါင်းခေါက်ပြီး ရှာလိုက်ပါဦး.....

ခံစားချက် ပိုင်ရှင်   -   မီးနဂါး



Upload Pictures


အရင်တုန်းကလည်း တစ်ယောက်ထဲပါပဲ
အခုလဲ နှစ်ယောက်မဟုတ်ပါဘူး

အချစ်တွေ မသိ
အလွမ်းတွေ မရှိသေးခင်မှာ
ငါ့ရင်ခွင် ကို ခိုဝင်လာတဲ့မင်း..
အဲဒီအချိန်တုန်းကတော့ ငါ့ရဲ့နံနက်ခင်းတွေမှာ
အလင်းတွေဖြာနေတယ်..

ချစ်တတ်အောင်သင်ပေးခဲ့တဲ့သူ
ဆရာတစ်ဆူအဖြစ် ငါ ဦးညွှတ်ပါရဲ့
နှလုံးသွေးစီးသံသဲ့သဲ့နဲ့အတူ
ကာရန်တူတဲ့ကဗျာတွေ စပ်
အချစ်အကြောင်းတွေ အပ်ကြောင်းထပ်နေခဲ့ပေါ့....

အခုတော့
ရွှေဟင်္သာလား ကိန္နရီမောင်နှံလား ခပ်ဝါးဝါးပါပဲ
ပန်းကြဲတဲ့လက်အစုံနောက်မှာ
သောကမြူမှုန်တွေပါမှန်းသိလိုက်ချိန်
ငါ့အိပ်မက်တွေ တကယ်မဟုတ်ကြောင်း
နှလုံးသားက ခေါင်းခါနေတယ်..

အချစ်ကို ဈေးတွက် တွက်ခဲ့ပြီး
မကိုက်လို့ စွန့်ခွာခဲ့သူကို
အလံဖြူ ငါမပြဘူး
လူရွေးတာမှား ခဲ့ပြီမို့
သွားချင်ရာသွားနိုင်ပါတယ်
အမိန့်ပေးခြင်းမဟုတ်ခဲ့
အချစ်ရူးတစ်ယောက်ရဲ့ဘ၀နဲ့
သခင့်အနား ဒူးထောက်ပြမယ့်သူတစ်ယောက်
ခေါင်းခေါက်ပြီး ရှာလိုက်ပါဦး.....

ခံစားချက် ပိုင်ရှင်   -   မီးနဂါး



Upload Pictures

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။