Saturday, May 26, 2012

.


တက်(တောက်) ခေါက်ရပါများလွန်းလို့
ငါ့လျှာတောင် အသားမာတက်နေပြီ...
ဘာမှန်းမသိတဲ့ ငါ့ဒေါသတွေ
ဘယ်သူ့အပေါ်ပုံချရမလဲ..

အမှားအမှန်မကွဲပြားတဲ့
မောဟစိတ်များနဲ့
သောက်သုံးမကျတဲ့အလုပ်တွေပဲ
တနေကုန်ရှုပ်နေတယ်...

ကိုယ့်လောက်တောင်မသိတဲ့သူကို
ဆရာလို့ခေါ်ရတဲ့အဖြစ်မို့
နွားကလေးနို့ နွားကြီးစို့ရတယ်ပြောရင်
ငါလဲ နွားရာဇ၀င်ထဲပါဦးမယ်...

ရေငန်သောက်ရင်း မြက်ခြောက်စား
ဒင်းက..ဘာနွားလဲ
မတတ်တာခြင်း အတူတူ
ဆရာလိုလူဖြစ်ချင်တဲ့ .. မင်း
ပညာချင်းယှဉ်ရဲလား..

ခွေးတစ်ကောင်ကို ပြန်ကိုက်တဲ့
ခပ်မိုက်မိုက်လူတစ်ယောက်အဖြစ်
သမိုင်းသစ်တော့ ငါမရေးဘူး
ဒါပေမယ့်
အမှန်တရားဆိုတဲ့အရာ
ဘယ်သူ့ကိုမှ မညှာပါဘူး
အရူးတွေ ခေတ်ကုန်ချိန်နောက်မှာ
မိုးခါးရေသောက်ခဲ့တဲ့ကောင်တွေအတွက်
ဓားစက်ကစောင့်နေတယ်...
(ရိုင်းပြသော စကားလုံးများအတွက် ဖတ်ရှုသူများအား ကြိုတင်တောင်းပန်အပ်ပါသည်)

ခံစားချက် ပိုင်ရှင်   -   မီးနဂါး


တက်(တောက်) ခေါက်ရပါများလွန်းလို့
ငါ့လျှာတောင် အသားမာတက်နေပြီ...
ဘာမှန်းမသိတဲ့ ငါ့ဒေါသတွေ
ဘယ်သူ့အပေါ်ပုံချရမလဲ..

အမှားအမှန်မကွဲပြားတဲ့
မောဟစိတ်များနဲ့
သောက်သုံးမကျတဲ့အလုပ်တွေပဲ
တနေကုန်ရှုပ်နေတယ်...

ကိုယ့်လောက်တောင်မသိတဲ့သူကို
ဆရာလို့ခေါ်ရတဲ့အဖြစ်မို့
နွားကလေးနို့ နွားကြီးစို့ရတယ်ပြောရင်
ငါလဲ နွားရာဇ၀င်ထဲပါဦးမယ်...

ရေငန်သောက်ရင်း မြက်ခြောက်စား
ဒင်းက..ဘာနွားလဲ
မတတ်တာခြင်း အတူတူ
ဆရာလိုလူဖြစ်ချင်တဲ့ .. မင်း
ပညာချင်းယှဉ်ရဲလား..

ခွေးတစ်ကောင်ကို ပြန်ကိုက်တဲ့
ခပ်မိုက်မိုက်လူတစ်ယောက်အဖြစ်
သမိုင်းသစ်တော့ ငါမရေးဘူး
ဒါပေမယ့်
အမှန်တရားဆိုတဲ့အရာ
ဘယ်သူ့ကိုမှ မညှာပါဘူး
အရူးတွေ ခေတ်ကုန်ချိန်နောက်မှာ
မိုးခါးရေသောက်ခဲ့တဲ့ကောင်တွေအတွက်
ဓားစက်ကစောင့်နေတယ်...
(ရိုင်းပြသော စကားလုံးများအတွက် ဖတ်ရှုသူများအား ကြိုတင်တောင်းပန်အပ်ပါသည်)

ခံစားချက် ပိုင်ရှင်   -   မီးနဂါး

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။