Saturday, May 26, 2012

.


နှစ်သစ်ကူးပြီမို့
ချစ်သူလေးကို
လွမ်းတယ်...

ပိတောက်တွေဝေနေလို့
တစ်ခေါက်တလေ ပြန်ရောက်အောင်
အဖန်ဖန်ကြိုးစားလဲ
သံသရာဝဲထဲက လူတစ်ယောက်
ပါးစပ်တစ်ပေါက်အတွက်
လျှောက်ရတဲ့ လမ်း ပင်ပန်းလိုက်တာ
လွမ်းနာကို ဘေးဖယ်ရင်းနဲ့
ဝမ်းစာကို ရှာနေခဲ့ပေါ့ ချစ်သူ.......

အချစ်ကို ကိုးကွယ်သူမဟုတ်ပေမယ့်
အသစ် အသစ်နဲ့ နှစ်တွေပြောင်းတိုင်းမှာ
သတိရနေမိတာက
မင်းရဲ့ မျက်နှာလေးပါချစ်သူ
မငြူစူချင်ပါနဲ့ လား
ပန်းလက်ဖ၀ါးနုနုကို ဆုပ်ကိုင်မယ့်လက်မှာ
ချွေးစက်တွေ မပါချင်ဘူး..............

ပြန်လည်ကာ ဆုံတွေ့ချိန်မှာ
ကိုယ်ကို တိုင် ဆင်ကာပေးဖို့အတွက်
ရည်စူးရင်း သိမ်းတဲ့ပိတောက်
ရနံ့တွေ မပျောက်ပေမယ့်
ပန်းတွေ ခြောက်နေတယ် ချစ်သူ................

ပိတောက်ပွင့်ချိန် နှစ်ကူးတိုင်း
စိတ်ကူးရင်း ရူးခဲ့နေခဲ့သူတစ်ယောက်အတွက်
သင်္ကြန်မိုးစက်တွေရဲ့ အောက်မှာ
ရွှေရောင် စိတ်ကူးယဉ်မှု တွေပျောက်
ပိတောက်ပန်းခြောက်တွေ နဲ့အတူ
ငါ့အိပ်မက်မြူလေး ဖျားနာသွားတာ
ခေါင်းအုံးလေး သိပါတယ်ကွာ..............


ခံစားချက် ပိုင်ရှင်   -   မီးနဂါး


နှစ်သစ်ကူးပြီမို့
ချစ်သူလေးကို
လွမ်းတယ်...

ပိတောက်တွေဝေနေလို့
တစ်ခေါက်တလေ ပြန်ရောက်အောင်
အဖန်ဖန်ကြိုးစားလဲ
သံသရာဝဲထဲက လူတစ်ယောက်
ပါးစပ်တစ်ပေါက်အတွက်
လျှောက်ရတဲ့ လမ်း ပင်ပန်းလိုက်တာ
လွမ်းနာကို ဘေးဖယ်ရင်းနဲ့
ဝမ်းစာကို ရှာနေခဲ့ပေါ့ ချစ်သူ.......

အချစ်ကို ကိုးကွယ်သူမဟုတ်ပေမယ့်
အသစ် အသစ်နဲ့ နှစ်တွေပြောင်းတိုင်းမှာ
သတိရနေမိတာက
မင်းရဲ့ မျက်နှာလေးပါချစ်သူ
မငြူစူချင်ပါနဲ့ လား
ပန်းလက်ဖ၀ါးနုနုကို ဆုပ်ကိုင်မယ့်လက်မှာ
ချွေးစက်တွေ မပါချင်ဘူး..............

ပြန်လည်ကာ ဆုံတွေ့ချိန်မှာ
ကိုယ်ကို တိုင် ဆင်ကာပေးဖို့အတွက်
ရည်စူးရင်း သိမ်းတဲ့ပိတောက်
ရနံ့တွေ မပျောက်ပေမယ့်
ပန်းတွေ ခြောက်နေတယ် ချစ်သူ................

ပိတောက်ပွင့်ချိန် နှစ်ကူးတိုင်း
စိတ်ကူးရင်း ရူးခဲ့နေခဲ့သူတစ်ယောက်အတွက်
သင်္ကြန်မိုးစက်တွေရဲ့ အောက်မှာ
ရွှေရောင် စိတ်ကူးယဉ်မှု တွေပျောက်
ပိတောက်ပန်းခြောက်တွေ နဲ့အတူ
ငါ့အိပ်မက်မြူလေး ဖျားနာသွားတာ
ခေါင်းအုံးလေး သိပါတယ်ကွာ..............


ခံစားချက် ပိုင်ရှင်   -   မီးနဂါး

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။