Saturday, May 26, 2012

.


ငါ့ရင်ခွင်ကို ထွန်ယက်ခဲ့ပြီး
နှလုံးသားပျိုးခင်းထက်မှာ
သစ္စာကိုစိုက်ပျိုးလို့
မေတ္တာကို မိုးလိုရွာခဲ့တဲ့သူတစ်ယောက်
နှလုံးသွေးဖောက်လို့ ချစ်ရသူ
နောက်ဆုံးတော့ အလံဖြူနဲ့ အရန်လူတဲ့လား.....

ငါ့ရဲ့ပျိုးခင်းကိုမွှေနှောက်သွားတဲ့ မုန်တိုင်းမှာ
အဆိပ်ငွေ့တွေပါနေခဲ့ရင်
သခင်မဲ့တဲ့ပန်းရဲ့ ဈာပနကို
လရောင်မဲ့ညမှာ
ငါကျင်းပမယ်....

အနာဂတ်ကို အမှောင်ချလို့
ယောင်နနနဲ့ ဆက်လျှောက်မယ့်သူ
ဒုတိယလူတစ်ယောက် အဖြစ်
လွမ်းတေးတွေ ငါ မဟစ်ဘူး.........

အချစ်နာပျောက်ဆေးလို
အရက်ကို အဖော်လုပ်ပြီး
ဝေဒနာတွေ ဖွင့်အံထုတ်တဲ့
အသဲကွဲသမားလဲ ငါမလုပ်ဘူး.......

မင်းအတွက် အကောင်းဆုံးအဖြစ်
နံပါတ်တစ် ပေးခဲ့သူ တစ်ယောက်
နောက်ထပ်ရောက်လာချိန်မှာ
အလွမ်းမပါ
ဝေဒနာမရှိ
ခံစားချက် မသိတော့တဲ့ငါ
(ခုချိန်မှာ မင်းအတွက်)
အရန်လူမဟုတ်သလို
အလံဖြူလဲ မထုတ်ဘူးဆိုတာ..
နားလည်စမ်းပါ...............


ခံစားချက် ပိုင်ရှင်   -   မီးနဂါး


ငါ့ရင်ခွင်ကို ထွန်ယက်ခဲ့ပြီး
နှလုံးသားပျိုးခင်းထက်မှာ
သစ္စာကိုစိုက်ပျိုးလို့
မေတ္တာကို မိုးလိုရွာခဲ့တဲ့သူတစ်ယောက်
နှလုံးသွေးဖောက်လို့ ချစ်ရသူ
နောက်ဆုံးတော့ အလံဖြူနဲ့ အရန်လူတဲ့လား.....

ငါ့ရဲ့ပျိုးခင်းကိုမွှေနှောက်သွားတဲ့ မုန်တိုင်းမှာ
အဆိပ်ငွေ့တွေပါနေခဲ့ရင်
သခင်မဲ့တဲ့ပန်းရဲ့ ဈာပနကို
လရောင်မဲ့ညမှာ
ငါကျင်းပမယ်....

အနာဂတ်ကို အမှောင်ချလို့
ယောင်နနနဲ့ ဆက်လျှောက်မယ့်သူ
ဒုတိယလူတစ်ယောက် အဖြစ်
လွမ်းတေးတွေ ငါ မဟစ်ဘူး.........

အချစ်နာပျောက်ဆေးလို
အရက်ကို အဖော်လုပ်ပြီး
ဝေဒနာတွေ ဖွင့်အံထုတ်တဲ့
အသဲကွဲသမားလဲ ငါမလုပ်ဘူး.......

မင်းအတွက် အကောင်းဆုံးအဖြစ်
နံပါတ်တစ် ပေးခဲ့သူ တစ်ယောက်
နောက်ထပ်ရောက်လာချိန်မှာ
အလွမ်းမပါ
ဝေဒနာမရှိ
ခံစားချက် မသိတော့တဲ့ငါ
(ခုချိန်မှာ မင်းအတွက်)
အရန်လူမဟုတ်သလို
အလံဖြူလဲ မထုတ်ဘူးဆိုတာ..
နားလည်စမ်းပါ...............


ခံစားချက် ပိုင်ရှင်   -   မီးနဂါး

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။