Saturday, May 26, 2012

.


သောကတံတိုင်းအပြင်မှာ
ပန်းကမ္ဘာတည်ဆောက်ပြီးပြီ ကောင်မလေးရေ
ရင်တွင်းက လမင်းအတွက်
အသည်းနဲ့ တံတားဆောက်
ပန်းတွေနဲ့ဖောက်ခဲ့တဲ့ လမ်း မှာ
နင်းလျှောက်ပါ ချစ်သူ..............။

ပူလောင်ခြင်းတွေ မရှိတဲ့မြို့က
နှင်းစက်အချို့ အချို့ကို
ငါ့နှလုံးသွေးနဲ့ရောစပ်
တိမ်လွှာချပ် အပြာရောင်မှာ
ပန်းအက္ခရာ နဲ့ စပ်တဲ့ ကဗျာ
သက်တန့်ရောင်စုံ ဖြာနေတယ်....။

သံစဉ်လှိုင်းအသစ်တွေကိုဖန်တီးရင်း
မင်းအတွက်ရေးတဲ့ သီချင်းတစ်ပုဒ်မှာ
မှော်ဝင်လိပ်ပြာတစ်ကောင်လို
လှုပ်....တိမ်း....နွဲ့....လို့
ငါ့ရဲ့  ခံစားချက်တွေ ကြားမှာ
ပန်းလေးတွေ ယိမ်းက နေတယ်.......။

နွေနေပူပူမှာ မငြူစူခြံရံလို့
ရေပူ ရေအေးဆက်သခွင့်ရဖို့.......

ချွေးစတွေနဲ့ နဖူးပြင်ကို
ကြင်နာစွာ သုတ်ပိုင်ခွင့်ရဖို့..........

နူညံ့တဲ့ လက်အစုံကို
မြဲမြံစွာ စွဲကိုင်ခွင့်ရဖို့........
အိပ်မက်မြစ်ရဲ့ ပန်း မြို့တော်မှာ
နှလုံးသား ကိုယ်ရံတော်အဖြစ်
မင်းအနားမှာ ၀ဲရစ်တွယ်ကပ်
ခခွေး ယပင့် စလုံးသတ်ခွင့် ပြုနော်.....။


ခံစားချက် ပိုင်ရှင်   -   မီးနဂါး


သောကတံတိုင်းအပြင်မှာ
ပန်းကမ္ဘာတည်ဆောက်ပြီးပြီ ကောင်မလေးရေ
ရင်တွင်းက လမင်းအတွက်
အသည်းနဲ့ တံတားဆောက်
ပန်းတွေနဲ့ဖောက်ခဲ့တဲ့ လမ်း မှာ
နင်းလျှောက်ပါ ချစ်သူ..............။

ပူလောင်ခြင်းတွေ မရှိတဲ့မြို့က
နှင်းစက်အချို့ အချို့ကို
ငါ့နှလုံးသွေးနဲ့ရောစပ်
တိမ်လွှာချပ် အပြာရောင်မှာ
ပန်းအက္ခရာ နဲ့ စပ်တဲ့ ကဗျာ
သက်တန့်ရောင်စုံ ဖြာနေတယ်....။

သံစဉ်လှိုင်းအသစ်တွေကိုဖန်တီးရင်း
မင်းအတွက်ရေးတဲ့ သီချင်းတစ်ပုဒ်မှာ
မှော်ဝင်လိပ်ပြာတစ်ကောင်လို
လှုပ်....တိမ်း....နွဲ့....လို့
ငါ့ရဲ့  ခံစားချက်တွေ ကြားမှာ
ပန်းလေးတွေ ယိမ်းက နေတယ်.......။

နွေနေပူပူမှာ မငြူစူခြံရံလို့
ရေပူ ရေအေးဆက်သခွင့်ရဖို့.......

ချွေးစတွေနဲ့ နဖူးပြင်ကို
ကြင်နာစွာ သုတ်ပိုင်ခွင့်ရဖို့..........

နူညံ့တဲ့ လက်အစုံကို
မြဲမြံစွာ စွဲကိုင်ခွင့်ရဖို့........
အိပ်မက်မြစ်ရဲ့ ပန်း မြို့တော်မှာ
နှလုံးသား ကိုယ်ရံတော်အဖြစ်
မင်းအနားမှာ ၀ဲရစ်တွယ်ကပ်
ခခွေး ယပင့် စလုံးသတ်ခွင့် ပြုနော်.....။


ခံစားချက် ပိုင်ရှင်   -   မီးနဂါး

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။