Monday, August 6, 2012

Facebook ပေါ်မှ နှစ်သက်မိသော ကဗျာ အပိုင်းအစများ (၃)

(ခံစားချက်ပိုင်ရှင်း  AhShoStevenlove  ၏ကဗျာအား မေလေး ပြန်လည်မျှ
ဝေပါသည်)
ဆက်ဖတ်ရန်>>>

Facebook ပေါ်မှ နှစ်သက်မိသော ကဗျာ အပိုင်းအစများ (၂)




(ခံစားချက်ပိုင်ရှင်းAhShoStevenLove ၏ကဗျာအား မေလေးပြန်လည်မျှဝေပါသည်)
ဆက်ဖတ်ရန်>>>

ချစ်သူသိပါစေ...................

ချစ်သူသိပါစေ..........

နင်ပျော်ပါစေဆိုပီးပေးဆပ်ထားတဲ့
ငါ၇ဲ့အချစ်တွေကနင့်အတွက်ဘာမှမဟုတ်ဘူးတဲ့လားးးး.....

စွန့်လွတ်လိုက်ပါ...ငါထက်သာတဲ့လူတွေ့လာတဲ့တနေ့........

ထုတ်ပစ်လိုက်ပါ......ငါကိုမင်း၇ဲ့ဘ၀ထဲကနေ........

ထားခဲ့လိုက်ပါ.......ငါကိုမင်းနဲ့ဝေး၇ာမှာ.......

ကျောခိုင်းလိုက်ပါ......ပြန်လှည့်မကြည့်ကြေးပေါ့........

မေ့ထားလိုက်ပါ......မင်းပျော်၇ွင်မယ်ဆို.......

သတိ၇လိုက်ပါ........မင်းလိုအပ်တဲ့အချိန်တိုင်း......

ပြန်လာခဲ့ပါ........ငါ့တန်ဖိုးမင်းသိလာတဲ့တနေ့........



 

ခံစားချက်ပိုင်ရှင်း   မေလေး 
ဆက်ဖတ်ရန်>>>

Wednesday, July 25, 2012

Facebook ပေါ်မှ နှစ်သက်မိသော ကဗျာ အပိုင်းအစများ (၁)

ခံစားချက်ပိုင်ရှင်း   ရာသက်ပန် ၏ ကဗျာအား မေလေး ပြန်လည်မျှဝေပါသည်။


ဆက်ဖတ်ရန်>>>

Monday, July 16, 2012

နင်ဟာ ငါ့ရဲ့ ကမ္ဘာ


ခံစားချက်ပိုင်ရှင်း  CheRRy ၏ ကဗျာအား မေလေး ပြန်လည် မျှဝေပါသည်။
ဆက်ဖတ်ရန်>>>

Monday, June 18, 2012

ကျွန်တော့်ရဲ့ မိုး ဒိုင်ယာရီ

ဟိုးအရင် အတိတ်တုန်းက
မိုးစက်တွေရဲ့အောက်
ကလေးငယ်တစ်ယောက်လို
ခုန်ပေါက်လို့ ရွှင်မြူးရင်း
ငါ မိုးသီချင်းတွေ ဆိုခဲ့ဖူးတယ် .......။

မိုးစက်မိုးပေါက်တွေကြားမှာ
ပညာသင် လူသားတစ်ယောက်အဖြစ်
ဝင့်ဝင့်ကြွားကြွား
ပြေးပြေးလွှားလွှားနဲ့
ငါ ကျောင်းသွားခဲ့ဖူးတယ်.......။

အခြေခံတွေ လွန်မြောက် တက္ကသိုလ်ရောက်ချိန်မှာ
မိုးရေစို လမ်းမထက်က
ဝင်းလက်လက်ရွှန်းစို
မိုးမင်းသမီးပျိုရဲ့ အလှအောက်
ငါ့နလုံးသား ဒူးထောက်ခဲ့ဖူးတယ်.......။


နေလဲ မလင်း လမင်း မသာတဲ့
မိုးရာသီ ညနေခင်းမှာ
နှလုံးသားနှစ်ခုရဲ့ ညီမျှခြင်းတစ်ခု
မိုးစက်တွေအဖော်ပြုရင်း
ချစ်ခြင်းတွေ ရရှိဖူးတယ်.......။

လက်တွေမြဲမြဲ ဆုပ်ကိုင်ရင်း
ဘ၀ချင်းနီးစပ်ဖို့
အိမ်မက်တို့ လွင့်စီးလို့
မိုးရေစက်တွေကြားမှာ
သစ္စာတွေ ထားခဲ့ဖူးတယ်.......။

ဂုဏ်ဓနမတူတဲ့ နှစ်ယောက်
ဆက်လျှောက်ဖို့မဖြစ်တဲ့အချိန်မှာ
နှုတ်ဆိတ်စွာကျောခိုင်းထွက်
မျက်ရည်စက် ကဗျာစီရင်း
မိုးရာသီ နေ့တစ်နေ့လို
ငါ့ ကမ္ဘာပြိုခဲ့ဖူးတယ်.......။


မိုးဥတုကို အဖော်ပြုရင်း
မိုးသီချင်းတွေကြားတိုင်းမှာ
မိုးသားတိမ်ညိုတွေအောက်
ကိုယ်တစ်ယောက်ထဲလျှောက်
ဇာတ်သိမ်းခန်းကို မရောက်ခဲ့လဲ
မိုးနဲ့စတဲ့ ဇာတ်လမ်းကြောင့်
ရလာတဲ့ ဝေဒနာကို
ရင်ထဲမှာ သိမ်းဆည်း
(ငါတစ်ယောက်တည်း)
မိုးမင်းသမီးကို လွမ်းနေဆဲပါ......။

  ခံစားချက်ပိုင်ရှင်း     မီးနဂါး


 


ဆက်ဖတ်ရန်>>>

Sunday, June 17, 2012

နှလုံးသွေးနဲ့ ရေးတဲ့ သစ္စာ

 တကယ်တော့
မျှော်လင့်ချက်များစွာနဲ့ ချစ်ခဲ့မိတာပါ.....။

တိမ်လွှာဖြူမိုးသားအောက်မှာ
လက်တွဲရင်းလျှောက်လှမ်းဖို့အတွက်
အခက်အခဲဟူသမျှ
မင်းရှေ့က ရင်ဆိုင်ရင်း
ပန်းခင်းတွေဖြစ်စေခဲ့သူတစ်ယောက်
ငါ့နှလုံးသားပေါ် မင်းနင်းလျှောက်ချင်လဲ ရတယ်.....။

မင်းနှုတ်ခမ်းပေါ်က အပြုံးတစ်ချက်နဲ့
မင်းရဲ့ ထွက်သက်ဝင်သက်တိုင်းမှာ
ဖြစ် တည် မှီ ရာ  ငါဖြစ်ချင်တယ်.....။

ဘယ်အရာမဆို မင်းလိုသလိုဖြစ်စေပေမယ့်
တစ်ခုသောချွင်းချက်အတွက်
ငါ့အသက်ထွက်ချင် ထွက်ပါစေ.....။

တစ်ခုသော ခံယူချက်အတွက်
ငါ့ဘ၀ ပျက်ချင်ပျက်ပါစေ.....။

တစ်ခုသော ဆုံးဖြတ်မှုအတွက်
ငါဘာကိုမှ ဂရုမစိုက်ဘူး.....။

မင်းနှုတ်ခမ်းက လွင့်လာတဲ့စကားမှာ
နှုတ်ဆက်တာ မပါဖို့လိုမယ်.....။

မင်းမျက်စောင်းနက်နက် လေးမှာ
အမုန်း လက္ခဏာ မပါဖို့လိုမယ်.....။

နှလုံးသွေးနဲ့ရေးတဲ့ သစ္စာ
ဒီကမ္ဘာမှာ ငါရှိနေသရွေ့
ဘယ်အခါမှ မမေ့ဖျောက်ဘဲ
တစ်ယောက်သာ ချစ်ခဲ့သူအတွက်
တစ်သက်စာ ပိုင်ဆိုင်ခွင့်
ငါမျှော်လင့်လို့ စောင့်နေတယ်......။


ခံစားချက် ပိုင်ရှင်   -   မီးနဂါး
ဆက်ဖတ်ရန်>>>