တကယ်တော့
မျှော်လင့်ချက်များစွာနဲ့ ချစ်ခဲ့မိတာပါ.....။
တိမ်လွှာဖြူမိုးသားအောက်မှာ
လက်တွဲရင်းလျှောက်လှမ်းဖို့အတွက်
အခက်အခဲဟူသမျှ
မင်းရှေ့က ရင်ဆိုင်ရင်း
ပန်းခင်းတွေဖြစ်စေခဲ့သူတစ်ယောက်
ငါ့နှလုံးသားပေါ် မင်းနင်းလျှောက်ချင်လဲ ရတယ်.....။
မင်းနှုတ်ခမ်းပေါ်က အပြုံးတစ်ချက်နဲ့
မင်းရဲ့ ထွက်သက်ဝင်သက်တိုင်းမှာ
ဖြစ် တည် မှီ ရာ ငါဖြစ်ချင်တယ်.....။
ဘယ်အရာမဆို မင်းလိုသလိုဖြစ်စေပေမယ့်
တစ်ခုသောချွင်းချက်အတွက်
ငါ့အသက်ထွက်ချင် ထွက်ပါစေ.....။
တစ်ခုသော ခံယူချက်အတွက်
ငါ့ဘ၀ ပျက်ချင်ပျက်ပါစေ.....။
တစ်ခုသော ဆုံးဖြတ်မှုအတွက်
ငါဘာကိုမှ ဂရုမစိုက်ဘူး.....။
မင်းနှုတ်ခမ်းက လွင့်လာတဲ့စကားမှာ
နှုတ်ဆက်တာ မပါဖို့လိုမယ်.....။
မင်းမျက်စောင်းနက်နက် လေးမှာ
အမုန်း လက္ခဏာ မပါဖို့လိုမယ်.....။
နှလုံးသွေးနဲ့ရေးတဲ့ သစ္စာ
ဒီကမ္ဘာမှာ ငါရှိနေသရွေ့
ဘယ်အခါမှ မမေ့ဖျောက်ဘဲ
တစ်ယောက်သာ ချစ်ခဲ့သူအတွက်
တစ်သက်စာ ပိုင်ဆိုင်ခွင့်
ငါမျှော်လင့်လို့ စောင့်နေတယ်......။

ခံစားချက် ပိုင်ရှင် - မီးနဂါး
မျှော်လင့်ချက်များစွာနဲ့ ချစ်ခဲ့မိတာပါ.....။
တိမ်လွှာဖြူမိုးသားအောက်မှာ
လက်တွဲရင်းလျှောက်လှမ်းဖို့အတွက်
အခက်အခဲဟူသမျှ
မင်းရှေ့က ရင်ဆိုင်ရင်း
ပန်းခင်းတွေဖြစ်စေခဲ့သူတစ်ယောက်
ငါ့နှလုံးသားပေါ် မင်းနင်းလျှောက်ချင်လဲ ရတယ်.....။
မင်းနှုတ်ခမ်းပေါ်က အပြုံးတစ်ချက်နဲ့
မင်းရဲ့ ထွက်သက်ဝင်သက်တိုင်းမှာ
ဖြစ် တည် မှီ ရာ ငါဖြစ်ချင်တယ်.....။
ဘယ်အရာမဆို မင်းလိုသလိုဖြစ်စေပေမယ့်
တစ်ခုသောချွင်းချက်အတွက်
ငါ့အသက်ထွက်ချင် ထွက်ပါစေ.....။
တစ်ခုသော ခံယူချက်အတွက်
ငါ့ဘ၀ ပျက်ချင်ပျက်ပါစေ.....။
တစ်ခုသော ဆုံးဖြတ်မှုအတွက်
ငါဘာကိုမှ ဂရုမစိုက်ဘူး.....။
မင်းနှုတ်ခမ်းက လွင့်လာတဲ့စကားမှာ
နှုတ်ဆက်တာ မပါဖို့လိုမယ်.....။
မင်းမျက်စောင်းနက်နက် လေးမှာ
အမုန်း လက္ခဏာ မပါဖို့လိုမယ်.....။
နှလုံးသွေးနဲ့ရေးတဲ့ သစ္စာ
ဒီကမ္ဘာမှာ ငါရှိနေသရွေ့
ဘယ်အခါမှ မမေ့ဖျောက်ဘဲ
တစ်ယောက်သာ ချစ်ခဲ့သူအတွက်
တစ်သက်စာ ပိုင်ဆိုင်ခွင့်
ငါမျှော်လင့်လို့ စောင့်နေတယ်......။

ခံစားချက် ပိုင်ရှင် - မီးနဂါး
No comments:
Post a Comment
ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။