Sunday, June 17, 2012

.

“ခွေးလေးခုန်လို့ ဖုန်မထပါဘူးတဲ့”
လူတစ်ယောက်ရဲ့ စကား
ဘယ်လောက်ထိရိုင်းသွားသလဲ ဆိုတာ
ကိုယ့်ဘာသာ အဖြေရှာမိရဲ့လား.......။

ငါတော်တယ် ငါတတ်တယ်နဲ့
သွေးလိုက်ရတဲ့ ကိုယ်ရည်
ရွှန်းရွှန်းကိုဝေလို့
(ဒါပေမယ့်)
ပြောတဲ့စကားက အနှစ်မပါ
အပြစ်ရှာတဲ့မျက်လုံးတွေနဲ့
သုံးမရတဲ့ စိတ်ဓာတ် မင်းရှက်တတ်ရင်
ရှက်လိုက်စမ်းပါ.......။

ကိုယ်တိုင်လဲ မသိ
သိအောင်လဲမလုပ်
လုပ်တဲ့သူကို အပြစ်ရှာပြီး
ဖြေရှင်းတာ နားမ၀င်တဲ့လူ
ငထူ ငအ သုံးမရတဲ့ကောင်….

ကိုယ့်မျက်ချေးကိုယ်မမြင်ဘဲ
လူရှိန်အောင် ဖြဲခြောက်တာတွေ
ကိုယ့်အမှား ကိုယ်မသိဘဲ
လူတိုင်းကို ဘုကြည့်ရှိုးတာတွေ
မတတ်တာကို ၀န်မခံ
ဆရာဟန်ဆောင်တာတွေ
အကြံအဖန်ကို အမှန်အကန်ချောင်းရင်း
အပင်းဆို့နေတာတွေ .......။

ဒါတွေ အားလုံး အားလုံးအားလုံး
မင်းဘ၀တစ်လျှောက်လုံးမှာ
ကောင်းတာရှိခဲ့ရင်
ပြန်ပြီးမြင်ယောင်ကြည့်လိုက်စမ်းပါ
ဘ၀ဟာတိုတိုလေး
ဝဋ်ကြွေးတစ်ပတ်လည်တဲ့အချိန်မှ
မျက်ရည်မကျနဲ့ .......။

အမြင့်ဆုံးအချိန်မှာ ပြုံးနေနိုင်သလို
အနိမ့်ဆုံးပြုတ်ကျချိန်မှာ
မင်း ခံနိုင်ရည်ရှိဖို့လိုတယ်
နန်းစံချိန်မှာ ဘုရင်အဖြစ်ခံစားရပေမယ့်
ဝက်ဖြစ်ရင် တော့ မစင်မကြောက်ရဘူး
နောက်ဘ၀မကူးတဲ့ ၀ဋ်ကြွေး
ပြန်လည်လို့ ပေးဆပ်ရချိန်မှာ
ဖုန်ထပါတယ်ဆိုတဲ့ ကောင်ကြီး
ပြုံးဖြီးဖြီးနေနိုင်ပါ့မလားဆိုတာ
စောင့်ကြည့်နေပါတယ်ကွာ.......။

ခံစားချက် ပိုင်ရှင်   -   မီးနဂါး

“ခွေးလေးခုန်လို့ ဖုန်မထပါဘူးတဲ့”
လူတစ်ယောက်ရဲ့ စကား
ဘယ်လောက်ထိရိုင်းသွားသလဲ ဆိုတာ
ကိုယ့်ဘာသာ အဖြေရှာမိရဲ့လား.......။

ငါတော်တယ် ငါတတ်တယ်နဲ့
သွေးလိုက်ရတဲ့ ကိုယ်ရည်
ရွှန်းရွှန်းကိုဝေလို့
(ဒါပေမယ့်)
ပြောတဲ့စကားက အနှစ်မပါ
အပြစ်ရှာတဲ့မျက်လုံးတွေနဲ့
သုံးမရတဲ့ စိတ်ဓာတ် မင်းရှက်တတ်ရင်
ရှက်လိုက်စမ်းပါ.......။

ကိုယ်တိုင်လဲ မသိ
သိအောင်လဲမလုပ်
လုပ်တဲ့သူကို အပြစ်ရှာပြီး
ဖြေရှင်းတာ နားမ၀င်တဲ့လူ
ငထူ ငအ သုံးမရတဲ့ကောင်….

ကိုယ့်မျက်ချေးကိုယ်မမြင်ဘဲ
လူရှိန်အောင် ဖြဲခြောက်တာတွေ
ကိုယ့်အမှား ကိုယ်မသိဘဲ
လူတိုင်းကို ဘုကြည့်ရှိုးတာတွေ
မတတ်တာကို ၀န်မခံ
ဆရာဟန်ဆောင်တာတွေ
အကြံအဖန်ကို အမှန်အကန်ချောင်းရင်း
အပင်းဆို့နေတာတွေ .......။

ဒါတွေ အားလုံး အားလုံးအားလုံး
မင်းဘ၀တစ်လျှောက်လုံးမှာ
ကောင်းတာရှိခဲ့ရင်
ပြန်ပြီးမြင်ယောင်ကြည့်လိုက်စမ်းပါ
ဘ၀ဟာတိုတိုလေး
ဝဋ်ကြွေးတစ်ပတ်လည်တဲ့အချိန်မှ
မျက်ရည်မကျနဲ့ .......။

အမြင့်ဆုံးအချိန်မှာ ပြုံးနေနိုင်သလို
အနိမ့်ဆုံးပြုတ်ကျချိန်မှာ
မင်း ခံနိုင်ရည်ရှိဖို့လိုတယ်
နန်းစံချိန်မှာ ဘုရင်အဖြစ်ခံစားရပေမယ့်
ဝက်ဖြစ်ရင် တော့ မစင်မကြောက်ရဘူး
နောက်ဘ၀မကူးတဲ့ ၀ဋ်ကြွေး
ပြန်လည်လို့ ပေးဆပ်ရချိန်မှာ
ဖုန်ထပါတယ်ဆိုတဲ့ ကောင်ကြီး
ပြုံးဖြီးဖြီးနေနိုင်ပါ့မလားဆိုတာ
စောင့်ကြည့်နေပါတယ်ကွာ.......။

ခံစားချက် ပိုင်ရှင်   -   မီးနဂါး

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။