Sunday, June 17, 2012

.

အချစ်ဦးတုန်းကတော့
နားလည်မှု အရှိဆုံးနှစ်ယောက်အဖြစ်
သက်ဆုံးထိ ချစ်မယ်လို့ ရည်စူးရင်း
အိပ်မက်တွေ ဖန်ဆင်း
ဆူးလမ်းလဲ နင်းရဲခဲ့တယ် ချစ်သူ ......။
ဂုဏ်ဒြပ်မတူတဲ့ ဘ၀နှစ်ခုကို
ညီမျှခြင်းချနိုင်ဘို့ စိတ်ကူးရင်း
နင်းလျှောက်ခဲ့တဲ့ ဆူးငြှောင့်လမ်းခရီး
ငါ့ခြေဖ၀ါးတွေလဲ သွေးတွေစီးခဲ့ပေါ့။
ဒါပေမယ့်
ဂုဏ်နဲ့ငွေ ရဖို့ဆိုရင်
ဘာမှ မကြည့်တဲ့ မင်းအကြောင်း
ငါကောင်းကောင်းသိလာခဲ့တယ်....။
သစ္စာတရားနဲ့ နှလုံးသားကို
မင်းဘေးက ခွေးစုတ်ဖွားလောက် တန်ဖိုးမထားတာတွေ
ငါ့ရဲ့ သံယောဇဉ်တရားကို
မင်းဝတ်မယ့်အဆင်လောက် ဂရုမထားတာတွေ
ကတိ ဆိုတဲ့ စကားလုံး
မင်းကိုင်တဲ့ ဖုန်းတွေလို တစ်လုံးပြီးတစ်လုံးပြောင်းနေတာတွေ
နောက်ပြီး ......
......
......
......။
အားလုံးကို ချိန်ဆကြည့်ရင်း
ရင်နဲ့ မမျှတဲ့ဒဏ်ရာတွေနဲ့
အရာအားလုံး ပေါင်းစပ်ပြီး
အထပ်ထပ်တွက်တဲ့ ပုစ္ဆာ
အဖြေအတိအကျရလာချိန်မှာ
စိတ်ကူးနဲ့ဆောက်တဲ့ အိပ်မက်တွေနဲ့
မျှော်လင့်ခဲ့တဲ့ ကမ္ဘာသစ်
အခုတော့ ပြာဖြစ်သွားပြီ .....။

ခံစားချက် ပိုင်ရှင်   -   မီးနဂါး

အချစ်ဦးတုန်းကတော့
နားလည်မှု အရှိဆုံးနှစ်ယောက်အဖြစ်
သက်ဆုံးထိ ချစ်မယ်လို့ ရည်စူးရင်း
အိပ်မက်တွေ ဖန်ဆင်း
ဆူးလမ်းလဲ နင်းရဲခဲ့တယ် ချစ်သူ ......။
ဂုဏ်ဒြပ်မတူတဲ့ ဘ၀နှစ်ခုကို
ညီမျှခြင်းချနိုင်ဘို့ စိတ်ကူးရင်း
နင်းလျှောက်ခဲ့တဲ့ ဆူးငြှောင့်လမ်းခရီး
ငါ့ခြေဖ၀ါးတွေလဲ သွေးတွေစီးခဲ့ပေါ့။
ဒါပေမယ့်
ဂုဏ်နဲ့ငွေ ရဖို့ဆိုရင်
ဘာမှ မကြည့်တဲ့ မင်းအကြောင်း
ငါကောင်းကောင်းသိလာခဲ့တယ်....။
သစ္စာတရားနဲ့ နှလုံးသားကို
မင်းဘေးက ခွေးစုတ်ဖွားလောက် တန်ဖိုးမထားတာတွေ
ငါ့ရဲ့ သံယောဇဉ်တရားကို
မင်းဝတ်မယ့်အဆင်လောက် ဂရုမထားတာတွေ
ကတိ ဆိုတဲ့ စကားလုံး
မင်းကိုင်တဲ့ ဖုန်းတွေလို တစ်လုံးပြီးတစ်လုံးပြောင်းနေတာတွေ
နောက်ပြီး ......
......
......
......။
အားလုံးကို ချိန်ဆကြည့်ရင်း
ရင်နဲ့ မမျှတဲ့ဒဏ်ရာတွေနဲ့
အရာအားလုံး ပေါင်းစပ်ပြီး
အထပ်ထပ်တွက်တဲ့ ပုစ္ဆာ
အဖြေအတိအကျရလာချိန်မှာ
စိတ်ကူးနဲ့ဆောက်တဲ့ အိပ်မက်တွေနဲ့
မျှော်လင့်ခဲ့တဲ့ ကမ္ဘာသစ်
အခုတော့ ပြာဖြစ်သွားပြီ .....။

ခံစားချက် ပိုင်ရှင်   -   မီးနဂါး

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။