.
ဟိုးအရင် အတိတ်တုန်းက
မိုးစက်တွေရဲ့အောက်
ကလေးငယ်တစ်ယောက်လို
ခုန်ပေါက်လို့ ရွှင်မြူးရင်း
ငါ မိုးသီချင်းတွေ ဆိုခဲ့ဖူးတယ် .......။
မိုးစက်မိုးပေါက်တွေကြားမှာ
ပညာသင် လူသားတစ်ယောက်အဖြစ်
ဝင့်ဝင့်ကြွားကြွား
ပြေးပြေးလွှားလွှားနဲ့
ငါ ကျောင်းသွားခဲ့ဖူးတယ်.......။
အခြေခံတွေ လွန်မြောက် တက္ကသိုလ်ရောက်ချိန်မှာ
မိုးရေစို လမ်းမထက်က
ဝင်းလက်လက်ရွှန်းစို
မိုးမင်းသမီးပျိုရဲ့ အလှအောက်
ငါ့နလုံးသား ဒူးထောက်ခဲ့ဖူးတယ်.......။
နေလဲ မလင်း လမင်း မသာတဲ့
မိုးရာသီ ညနေခင်းမှာ
နှလုံးသားနှစ်ခုရဲ့ ညီမျှခြင်းတစ်ခု
မိုးစက်တွေအဖော်ပြုရင်း
ချစ်ခြင်းတွေ ရရှိဖူးတယ်.......။
လက်တွေမြဲမြဲ ဆုပ်ကိုင်ရင်း
ဘ၀ချင်းနီးစပ်ဖို့
အိမ်မက်တို့ လွင့်စီးလို့
မိုးရေစက်တွေကြားမှာ
သစ္စာတွေ ထားခဲ့ဖူးတယ်.......။
ဂုဏ်ဓနမတူတဲ့ နှစ်ယောက်
ဆက်လျှောက်ဖို့မဖြစ်တဲ့အချိန်မှာ
နှုတ်ဆိတ်စွာကျောခိုင်းထွက်
မျက်ရည်စက် ကဗျာစီရင်း
မိုးရာသီ နေ့တစ်နေ့လို
ငါ့ ကမ္ဘာပြိုခဲ့ဖူးတယ်.......။
မိုးဥတုကို အဖော်ပြုရင်း
မိုးသီချင်းတွေကြားတိုင်းမှာ
မိုးသားတိမ်ညိုတွေအောက်
ကိုယ်တစ်ယောက်ထဲလျှောက်
ဇာတ်သိမ်းခန်းကို မရောက်ခဲ့လဲ
မိုးနဲ့စတဲ့ ဇာတ်လမ်းကြောင့်
ရလာတဲ့ ဝေဒနာကို
ရင်ထဲမှာ သိမ်းဆည်း
(ငါတစ်ယောက်တည်း)
မိုးမင်းသမီးကို လွမ်းနေဆဲပါ......။
ခံစားချက်ပိုင်ရှင်း မီးနဂါး

ဟိုးအရင် အတိတ်တုန်းက
မိုးစက်တွေရဲ့အောက်
ကလေးငယ်တစ်ယောက်လို
ခုန်ပေါက်လို့ ရွှင်မြူးရင်း
ငါ မိုးသီချင်းတွေ ဆိုခဲ့ဖူးတယ် .......။
မိုးစက်မိုးပေါက်တွေကြားမှာ
ပညာသင် လူသားတစ်ယောက်အဖြစ်
ဝင့်ဝင့်ကြွားကြွား
ပြေးပြေးလွှားလွှားနဲ့
ငါ ကျောင်းသွားခဲ့ဖူးတယ်.......။
အခြေခံတွေ လွန်မြောက် တက္ကသိုလ်ရောက်ချိန်မှာ
မိုးရေစို လမ်းမထက်က
ဝင်းလက်လက်ရွှန်းစို
မိုးမင်းသမီးပျိုရဲ့ အလှအောက်
ငါ့နလုံးသား ဒူးထောက်ခဲ့ဖူးတယ်.......။
နေလဲ မလင်း လမင်း မသာတဲ့
မိုးရာသီ ညနေခင်းမှာ
နှလုံးသားနှစ်ခုရဲ့ ညီမျှခြင်းတစ်ခု
မိုးစက်တွေအဖော်ပြုရင်း
ချစ်ခြင်းတွေ ရရှိဖူးတယ်.......။
လက်တွေမြဲမြဲ ဆုပ်ကိုင်ရင်း
ဘ၀ချင်းနီးစပ်ဖို့
အိမ်မက်တို့ လွင့်စီးလို့
မိုးရေစက်တွေကြားမှာ
သစ္စာတွေ ထားခဲ့ဖူးတယ်.......။
ဂုဏ်ဓနမတူတဲ့ နှစ်ယောက်
ဆက်လျှောက်ဖို့မဖြစ်တဲ့အချိန်မှာ
နှုတ်ဆိတ်စွာကျောခိုင်းထွက်
မျက်ရည်စက် ကဗျာစီရင်း
မိုးရာသီ နေ့တစ်နေ့လို
ငါ့ ကမ္ဘာပြိုခဲ့ဖူးတယ်.......။
မိုးဥတုကို အဖော်ပြုရင်း
မိုးသီချင်းတွေကြားတိုင်းမှာ
မိုးသားတိမ်ညိုတွေအောက်
ကိုယ်တစ်ယောက်ထဲလျှောက်
ဇာတ်သိမ်းခန်းကို မရောက်ခဲ့လဲ
မိုးနဲ့စတဲ့ ဇာတ်လမ်းကြောင့်
ရလာတဲ့ ဝေဒနာကို
ရင်ထဲမှာ သိမ်းဆည်း
(ငါတစ်ယောက်တည်း)
မိုးမင်းသမီးကို လွမ်းနေဆဲပါ......။
ခံစားချက်ပိုင်ရှင်း မီးနဂါး
ကဗျာလေးတွေအားပေးရင်းလာ
ReplyDeleteရောက်လေ့လာသွားပါတယ်ဗျာ