မင်းပေးထားခဲ့တဲ့
လွမ်းရတဲ့အရသာကိုမြည်းစမ်းခဲ့တာ
ကာလတွေတာရှည်ခဲ့ပါပြီ..
ပျော်ခဲ့ဖူးတဲ့ အချိန်တွေ
မက်ခဲ့ဖူးတဲ့အိပ်မက်တွေ
ခူးခဲ့ဖူးတဲ့ ပန်းတွေ
လျှောက်ခဲ့တဲ့လမ်းတွေ
............
အရာအားလုံးက မှုန်ဝါးလို့
အခုတော့ ..
နှုတ်ခမ်းတွေခြောက်
အနမ်းတွေပျောက်
အလွမ်းတွေရောက်လို့
ငါ့မနက်ဖြန်တွေ အသက်ရှူကြပ်နေရတယ်...
မင်းရဲ့ မနက်ဖြန်တွေမှာ
ကိုယ့်ရင်ဘတ်ထဲက သီချင်းသံတွေကို
နားဆင်ခံစားဖို့ အတွက်
နှလုံးသား FM ရှိသေးရဲ့လား...
ပြန်ဆုံပါရစေလို့
ဘုရားရှိခိုးတိုင်းဆုတောင်းမိတဲ့စကား
ငှက်လေးတွေကြားရင်
ဟား..နေမယ်ထင်ပါရဲ့...
ဘယ်မှာမှန်း မသိတဲ့သူအတွက်
ဘယ်သူတွေ ဘာပြောပြောပေါ့
ဘယ်အချိန်ထိပဲဖြစ်ဖြစ်
ငါ ဆက်၍ ချစ်နေဆဲပါ...
ခံစားချက် ပိုင်ရှင်
-
မီးနဂါး

No comments:
Post a Comment
ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။