၁။ မယှဉ်သင့်လို့
ရင်နင့်ခဲ့ရသူပါ
သီတာရယ်...
၂။ မင်းပေါင်းဗိုလ်ပါစုံတဲ့
ရွှေခန်းဆောင်ဘုံလည်ကြားမှာ
ယောက်ျားဇွဲမာန်အတိနဲ့
(ဒေ၀ီသခင်ဆီ)
မျှော်လင့်ရင်း လှမ်းကြည့်...
(ဒါပေသည့်)
ထိပ်ထားရဲ့ စိတ်တံခါးက
လိုလားသည့်ဟန် မပေါက်
အစ်ကိုဘုရားထံ ရောက်နေကတည်းက
ချစ်စိတ်ကို ရင်ဆီးတား
မရီးဘုရား ခေါ်ခွင့်ရသော်မှ
တော်လှပြီ ထင်ခဲ့တာ
လေးတော် “ အဌစန္ဒာ ” အသိဆုံး ပါလေ....
၃။ မှော်ရုံ ဒီ မြိုင် ရောက်ကာမှ
တော်ကောက်မယ် မကြံဝံ့ပါဘု
သမင်ရှာ ထွက်ခွါသွားလေတဲ့
နောင်ဘုရား မှာစကားကြောင့်
ဖ၀ါးမကွာ အနားမှာနေရစ်ပေမယ့်
မရီးဘုရားက ငြိုငြင်
အစ်ကိုမမြင်လို့
ကြင်ယာတင်ချင်တာလားတဲ့လေ...
၎။ (ပြောရက်လိုက်တာ ကွယ်)
တကယ်တမ်းဆိုရင်
ကြေကွဲစွာ မြိုသိပ်
ချစ်စိတ်ကို တုပ်နှောင်ရင်း
သက်ပြင်းတွေနဲ့ အဖော်ပြု
နောက်ဘ၀တစ်ခုအတွက်
တောင်းဆုပြုခဲ့ရတာ
” လက္ခဏ” ဆိုတဲ့ ငါပါ...
၅။ မင်းရင်က ရွေးချယ်မှု အတွက်
ကမ်းမယ့်လက် နောက်ဆုတ်
မွမ်းကြပ်စွာနှောင်တုပ်ရင်း
ချစ်ခြင်းတွေ ဖောက်ထုတ်ခဲ့သူ
အဖြူစင်ဆုံး နှလုံးသားနဲ့
ငါဆိုတဲ့ အရှုံးသမားအတွက်
ဒေ၀ီရယ်..
နားလည်တဲ့ စိတ်များနဲ့
မုန်းစိတ်ကို ဖုံးထားပါလား....
ရင်နင့်ခဲ့ရသူပါ
သီတာရယ်...
၂။ မင်းပေါင်းဗိုလ်ပါစုံတဲ့
ရွှေခန်းဆောင်ဘုံလည်ကြားမှာ
ယောက်ျားဇွဲမာန်အတိနဲ့
(ဒေ၀ီသခင်ဆီ)
မျှော်လင့်ရင်း လှမ်းကြည့်...
(ဒါပေသည့်)
ထိပ်ထားရဲ့ စိတ်တံခါးက
လိုလားသည့်ဟန် မပေါက်
အစ်ကိုဘုရားထံ ရောက်နေကတည်းက
ချစ်စိတ်ကို ရင်ဆီးတား
မရီးဘုရား ခေါ်ခွင့်ရသော်မှ
တော်လှပြီ ထင်ခဲ့တာ
လေးတော် “ အဌစန္ဒာ ” အသိဆုံး ပါလေ....
၃။ မှော်ရုံ ဒီ မြိုင် ရောက်ကာမှ
တော်ကောက်မယ် မကြံဝံ့ပါဘု
သမင်ရှာ ထွက်ခွါသွားလေတဲ့
နောင်ဘုရား မှာစကားကြောင့်
ဖ၀ါးမကွာ အနားမှာနေရစ်ပေမယ့်
မရီးဘုရားက ငြိုငြင်
အစ်ကိုမမြင်လို့
ကြင်ယာတင်ချင်တာလားတဲ့လေ...
၎။ (ပြောရက်လိုက်တာ ကွယ်)
တကယ်တမ်းဆိုရင်
ကြေကွဲစွာ မြိုသိပ်
ချစ်စိတ်ကို တုပ်နှောင်ရင်း
သက်ပြင်းတွေနဲ့ အဖော်ပြု
နောက်ဘ၀တစ်ခုအတွက်
တောင်းဆုပြုခဲ့ရတာ
” လက္ခဏ” ဆိုတဲ့ ငါပါ...
၅။ မင်းရင်က ရွေးချယ်မှု အတွက်
ကမ်းမယ့်လက် နောက်ဆုတ်
မွမ်းကြပ်စွာနှောင်တုပ်ရင်း
ချစ်ခြင်းတွေ ဖောက်ထုတ်ခဲ့သူ
အဖြူစင်ဆုံး နှလုံးသားနဲ့
ငါဆိုတဲ့ အရှုံးသမားအတွက်
ဒေ၀ီရယ်..
နားလည်တဲ့ စိတ်များနဲ့
မုန်းစိတ်ကို ဖုံးထားပါလား....
ခံစားချက် ပိုင်ရှင်
-
မီးနဂါး
No comments:
Post a Comment
ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။