Saturday, May 26, 2012

.


ပိတောက်တွေပွင့်ပြီ..မေ
လွမ်းရက်တွေလည်း ရှည်ခဲ့ပေါ့.....

ရှစ်ခွင်တိုင်းရယ်ဆီမှာ
ရွှေရည်တွေ လူးတဲ့ပန်းတွေက
သင်းပျံ့ပျံ့ ရနံ့လှိုင်လို့
ခူးသူခူး ပန်သူပန်နဲ့
အဖိုးတန်တဲ့ မြတ်ပန်းတော်ဝင်
လှရက်ပေ့ ခင်.....

တစ်နှစ်မှာတစ်ခါပွင့်တဲ့ပန်း
လက်လှမ်းလို့ချူကာယူ
မြတ်နိုးသူပန်ဆင်ဖို့တွေးရင်းနဲ့
ချစ်ခြင်းဖွဲ့လင်္ကာသီ
ပန်းလှ ရွှေရည်.....

အရင်နှစ်တွေ နှစ်တွေတုန်းဆီက
ရည်စူးကာ သိမ်းခဲ့တဲ့ပန်းတွေကြားမှာ
ဝင့်ကြွားနေတဲ့ ဒီနှစ်ရဲ့ ပိတောက်
အင်း..
မကြာခင်နွမ်းလို့ ခြောက်
နောက်နှစ် မှာ ဟောင်းသွားမယ့်အဖြစ်
ချစ်တဲ့သူ ဆံကေသာမှာ
ဘယ်အခါ ခိုမှာပါလိမ့်.....


ခံစားချက် ပိုင်ရှင်   -   မီးနဂါး


ပိတောက်တွေပွင့်ပြီ..မေ
လွမ်းရက်တွေလည်း ရှည်ခဲ့ပေါ့.....

ရှစ်ခွင်တိုင်းရယ်ဆီမှာ
ရွှေရည်တွေ လူးတဲ့ပန်းတွေက
သင်းပျံ့ပျံ့ ရနံ့လှိုင်လို့
ခူးသူခူး ပန်သူပန်နဲ့
အဖိုးတန်တဲ့ မြတ်ပန်းတော်ဝင်
လှရက်ပေ့ ခင်.....

တစ်နှစ်မှာတစ်ခါပွင့်တဲ့ပန်း
လက်လှမ်းလို့ချူကာယူ
မြတ်နိုးသူပန်ဆင်ဖို့တွေးရင်းနဲ့
ချစ်ခြင်းဖွဲ့လင်္ကာသီ
ပန်းလှ ရွှေရည်.....

အရင်နှစ်တွေ နှစ်တွေတုန်းဆီက
ရည်စူးကာ သိမ်းခဲ့တဲ့ပန်းတွေကြားမှာ
ဝင့်ကြွားနေတဲ့ ဒီနှစ်ရဲ့ ပိတောက်
အင်း..
မကြာခင်နွမ်းလို့ ခြောက်
နောက်နှစ် မှာ ဟောင်းသွားမယ့်အဖြစ်
ချစ်တဲ့သူ ဆံကေသာမှာ
ဘယ်အခါ ခိုမှာပါလိမ့်.....


ခံစားချက် ပိုင်ရှင်   -   မီးနဂါး

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။