အလျားအနံ မရှိမေမယ့်
အသွားအပြန်တော့ ရှိတယ် ဆိုပဲ...
ငါ့အတွက်တော့
အသွားသာရှိ အပြန်မရှိတဲ့လမ်းမှာ
ဖတ်ခဲ့ဖူးတဲ့ စာတစ်ပိုဒ်လို
အချစ်ဆိုတာ မှန်တစ်ချပ်သာဖြစ်ရင်
ငါက ပြဒါးဖက်က ကြည့်ရသူပေါ့..
မြူခိုးဝေတဲ့ နွေ
တိမ်တွေငိုတဲ့ မိုး
နှင်းမိုးရွာတဲ့ ဆောင်း
ရာသီတွေပြောင်းပြီး ပြက္ခဒိန်တွေဟောင်းနေလဲ
ပြောင်းလဲမှုမရှိတဲ့ဘ၀မျိုးနဲ့
ရေဆန်မှာ ခြေကန်ပြီးရှေ့ကရပ်ခဲ့သူ
ဒုတိယလူတစ်ယောက်အတွက်
ရခဲ့တဲ့ဆုလာဘ်က နှစ်သိမ့်တဲ့အပြုံးဆိုရင်တောင်
ငါ့ရင်တွင်းမှာ နေ(၁၀)စင်းသာပါစေ
ကျေနပ်နေပါ့မယ်.....

No comments:
Post a Comment
ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။