ငါ့ပျိုးထားတဲ့ ပန်းတစ်ပွင့်
လန်းစွင့်လို့ ဖူးပွင်းချိန်မှာ
ငေးခွင့်ပဲရှိသူတစ်ယောက်အဖြစ်
ဥယျာဉ်မှူး အချစ်နဲ့ ချစ်ရမှာလား............။
ငါ့အနာဂတ်တွေရဲ့ လမင်း
ဝင်းပပ ထွန်းလင်းတဲ့အချိန်မှာ
ကြယ်ရောင်မှိန် မလင်းခဲ့သူအဖြစ်
အဝေးကမျှော်ရင်း ချစ်ရမှာလား..............။
ရွှေရောင်အနာဂတ်တွေနဲ့
လင်းလက်နေတဲ့ ချစ်သူ
ဂုဏ်ချင်းလဲ မတူ လူချင်းလဲမသိ
(ဒါပေမယ့်)
ကိုယ့် ရင်ထဲအထိရောက်နေတဲ့ မင်း
ဘယ်အချိန် ထွန်းလင်းမှာပါလဲ....။
မြွေပါးစပ်ထဲရောက်သွားတဲ့ မိုးရေ
အဆိပ်တွေ ဖြစ်စေသလို
မုတ်ကောင် ဆီရောက်တဲ့ မိုးရေ
ပုလဲတွေ ဖြစ်သွားစေသတဲ့....။
မိုးရေစက်ကလေး ချင်းတူပေမယ့်
လက်ခံသူရဲ့ ကွဲပြားမှုကြားမှာ
အဆိပ်နဲ့ ပုလဲ
ပုံသဏ္ဍာန်ချင်း ကွဲခဲ့ပြီ ချစ်သူ...။
ကဲ.....
အပြစ်ကင်းတဲ့ လမင်းလေးရေ
ခံစားမှုအပြည့်နဲ့ရင်တွင်းက
နောင်ဘ၀ထိမမေ့မယ့် အချစ်များနဲ့
ကိုယ် ဆက်သတဲ့နှလုံးသားကို
မင်း..................
ဘယ်နားမှာထားမှာလဲ .....။
လန်းစွင့်လို့ ဖူးပွင်းချိန်မှာ
ငေးခွင့်ပဲရှိသူတစ်ယောက်အဖြစ်
ဥယျာဉ်မှူး အချစ်နဲ့ ချစ်ရမှာလား............။
ငါ့အနာဂတ်တွေရဲ့ လမင်း
ဝင်းပပ ထွန်းလင်းတဲ့အချိန်မှာ
ကြယ်ရောင်မှိန် မလင်းခဲ့သူအဖြစ်
အဝေးကမျှော်ရင်း ချစ်ရမှာလား..............။
ရွှေရောင်အနာဂတ်တွေနဲ့
လင်းလက်နေတဲ့ ချစ်သူ
ဂုဏ်ချင်းလဲ မတူ လူချင်းလဲမသိ
(ဒါပေမယ့်)
ကိုယ့် ရင်ထဲအထိရောက်နေတဲ့ မင်း
ဘယ်အချိန် ထွန်းလင်းမှာပါလဲ....။
မြွေပါးစပ်ထဲရောက်သွားတဲ့ မိုးရေ
အဆိပ်တွေ ဖြစ်စေသလို
မုတ်ကောင် ဆီရောက်တဲ့ မိုးရေ
ပုလဲတွေ ဖြစ်သွားစေသတဲ့....။
မိုးရေစက်ကလေး ချင်းတူပေမယ့်
လက်ခံသူရဲ့ ကွဲပြားမှုကြားမှာ
အဆိပ်နဲ့ ပုလဲ
ပုံသဏ္ဍာန်ချင်း ကွဲခဲ့ပြီ ချစ်သူ...။
ကဲ.....
အပြစ်ကင်းတဲ့ လမင်းလေးရေ
ခံစားမှုအပြည့်နဲ့ရင်တွင်းက
နောင်ဘ၀ထိမမေ့မယ့် အချစ်များနဲ့
ကိုယ် ဆက်သတဲ့နှလုံးသားကို
မင်း..................
ဘယ်နားမှာထားမှာလဲ .....။
ခံစားချက် ပိုင်ရှင်
-
မီးနဂါး

No comments:
Post a Comment
ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။