Saturday, May 26, 2012

.

ငါ့ရဲ့ချစ်တတ်တဲ့ နှလုံးသား
နင် မုန့်လုပ်စားသွားတယ်……။
ငါ့ရဲ့ အိပ်မက်ချိုတွေကို
နင် ၀ိုင်လို သောက်သွားတယ်……။
နင်ငါ့ကို ကစားတယ်
နင်ငါ့ကို လှည့်စားတယ်
ငါတန်ဖိုးထားတဲ့ သစ္စာတရား
နင် ခြေဖ၀ါးအောက်မှာထားခဲ့တယ်……။
နင်ထားသွားတဲ့အချိန်မှာ
သေရွာကို သွားချင်ခဲ့တဲ့အထိ
ငါစိတ်ညစ်ဖူးတယ်……။

ဒါပေမယ့်
ငါသေချာတွေးတယ်
နှလုံးသားမရှိတဲ့သူတစ်ယောက်အတွက်
ငါ အသက်ကို ငါ စတေးခဲ့ရရင်
မိုက်မဲတာ နင်လား ငါလား……..။

ငါ မချစ်တတ်တာမဟုတ်ဖူး
မင်း က ရက်စက်တာ……။
ငါ ပြောင်းလဲတာမဟုတ်ဖူး
မင်းက သစ္စာမဲ့တာ……။

ဒုက္ခတွေ့တဲ့အချိန်မှ
မျက်ရည်စတွေနဲ့ လာမငိုနေနဲ့
နင်နဲ့ ငါ့ ဇာတ်လမ်း
တစ်ခန်းရပ်ခဲ့တာ ကြာပြီ……။
နင့်ကို ချစ်တဲ့နှလုံးသားကို
ငါ သင်္ဂြိုလ် ခဲ့တာကြာပြီ…….။
နင့်အပေါ်ထားတဲ့ သစ္စာတရား
ငါ့ဆီမှာ ပျောက်သွားတာ ကြာပြီ……။
ဘာ…အချစ်ဟုတ်လား
အေး..အဲဒီနေ့ကပဲ အမှိုက်ကားနဲ့ပါသွားပြီ…….။


ခံစားချက် ပိုင်ရှင်   -   မီးနဂါး

ငါ့ရဲ့ချစ်တတ်တဲ့ နှလုံးသား
နင် မုန့်လုပ်စားသွားတယ်……။
ငါ့ရဲ့ အိပ်မက်ချိုတွေကို
နင် ၀ိုင်လို သောက်သွားတယ်……။
နင်ငါ့ကို ကစားတယ်
နင်ငါ့ကို လှည့်စားတယ်
ငါတန်ဖိုးထားတဲ့ သစ္စာတရား
နင် ခြေဖ၀ါးအောက်မှာထားခဲ့တယ်……။
နင်ထားသွားတဲ့အချိန်မှာ
သေရွာကို သွားချင်ခဲ့တဲ့အထိ
ငါစိတ်ညစ်ဖူးတယ်……။

ဒါပေမယ့်
ငါသေချာတွေးတယ်
နှလုံးသားမရှိတဲ့သူတစ်ယောက်အတွက်
ငါ အသက်ကို ငါ စတေးခဲ့ရရင်
မိုက်မဲတာ နင်လား ငါလား……..။

ငါ မချစ်တတ်တာမဟုတ်ဖူး
မင်း က ရက်စက်တာ……။
ငါ ပြောင်းလဲတာမဟုတ်ဖူး
မင်းက သစ္စာမဲ့တာ……။

ဒုက္ခတွေ့တဲ့အချိန်မှ
မျက်ရည်စတွေနဲ့ လာမငိုနေနဲ့
နင်နဲ့ ငါ့ ဇာတ်လမ်း
တစ်ခန်းရပ်ခဲ့တာ ကြာပြီ……။
နင့်ကို ချစ်တဲ့နှလုံးသားကို
ငါ သင်္ဂြိုလ် ခဲ့တာကြာပြီ…….။
နင့်အပေါ်ထားတဲ့ သစ္စာတရား
ငါ့ဆီမှာ ပျောက်သွားတာ ကြာပြီ……။
ဘာ…အချစ်ဟုတ်လား
အေး..အဲဒီနေ့ကပဲ အမှိုက်ကားနဲ့ပါသွားပြီ…….။


ခံစားချက် ပိုင်ရှင်   -   မီးနဂါး

No comments:

Post a Comment

ရိုင်းစိုင်းသော စကားများ ပြောဆိုရေးသားခြင်း မပြုရန် တောင်းဆိုအပ်ပါသည်။